ကမ္ဘာကျော် ဘောလုံးကြယ်ပွင့်များ ပိုင်ဆိုင်ထားသည့် ထိပ်တန်းဘောလုံးပရောဂျက် ၁၀ ခု

အနှစ်ချုပ်

ကလပ်အသင်းပိုင်ရှင်အဖြစ် သူတို့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နေကြတဲ့ နာမည်ကျော် ဘောလုံးသမားတွေအကြောင်း 1xBet က အခုပဲ ဖော်ပြပေးလိုက်ပါတယ်။ ဘက်ခမ်း နှင့် အင်တာမိုင်ယာမီ အင်္ဂလန်ကွင်းလယ်လူ ဘက်ခမ်း LA Galaxy ကို ပြောင်းရွှေ့ချိန်မှာ အထူးအခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ် - အဲ့ဒါကတော့ MLS ကလပ်အသင်းတစ်သင်းကို လျှော့စျေးဖြစ်တဲ့ ဒေါ်လာ ၂၅ သန်းတည်းနဲ့ ဝယ်ယူခွင့် ရရှိခဲ့တာပါ။ ဘောလုံးလောကကနေ အနားယူပြီးနောက် ဒီအခွင့်အရေးကို လက်မလွှတ်ဘဲ အသုံးချကာ ၂၀၁၈ ခုနှစ်မှာ "အင်တာမိုင်ယာမီ"...

1 min read

မာတိကာ

  1. 1 ဘက်ခမ်း နှင့် အင်တာမိုင်ယာမီ
  2. 2 ကန်းအသင်း၏ ပိုင်ရှင် ဘာပေ
  3. 3 ကိုမိုအသင်း၏ ရှယ်ယာရှင်များဖြစ်ကြသည့် အွန်နရီ နှင့် ဖာဘရီဂတ်စ်
  4. 4 ပေါ်တူဂီကလပ်တွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည့် ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း ၄ ဦး
  5. 5 ကော်နဲလ်လာအသင်းကို ပိုင်ဆိုင်ထားပြီး အယ်လ်ဒန်စီအသင်းကိုပါ ဝယ်ယူရန် သဘောတူထားသည့် မက်ဆီ
  6. 6 အသင်းဟောင်း၏ ပူးတွဲပိုင်ရှင် ဖြစ်လာသည့် ကားလို့စ်ဗီလာ
  7. 7 ဘူးရ်ဂျက်စ်အသင်း၏ အဓိကရှယ်ယာရှင် ဖြစ်လာသည့် မာနေး
  8. 8 ကလပ်စ်အော့ဖ် ၉၂ နှင့် ဆဲလ်ဖို့ဒ်
  9. 9 ပရောဂျက် ၃ ခုတွင် ရင်းနှီးမြှုပ်နှံထားသည့် ကော်တိုအာ
  10. 10 ဆွမ်ဆီးအသင်း၏ ပိုင်ရှင်အဖွဲ့သို့ ဝင်ရောက်လာသည့် မိုဒရစ်

ကလပ်အသင်းပိုင်ရှင်အဖြစ် သူတို့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နေကြတဲ့ နာမည်ကျော် ဘောလုံးသမားတွေအကြောင်း 1xBet က အခုပဲ ဖော်ပြပေးလိုက်ပါတယ်။

ဘက်ခမ်း နှင့် အင်တာမိုင်ယာမီ

အင်္ဂလန်ကွင်းလယ်လူ ဘက်ခမ်း LA Galaxy ကို ပြောင်းရွှေ့ချိန်မှာ အထူးအခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ် – အဲ့ဒါကတော့ MLS ကလပ်အသင်းတစ်သင်းကို လျှော့စျေးဖြစ်တဲ့ ဒေါ်လာ ၂၅ သန်းတည်းနဲ့ ဝယ်ယူခွင့် ရရှိခဲ့တာပါ။ ဘောလုံးလောကကနေ အနားယူပြီးနောက် ဒီအခွင့်အရေးကို လက်မလွှတ်ဘဲ အသုံးချကာ ၂၀၁၈ ခုနှစ်မှာ “အင်တာမိုင်ယာမီ” အသင်းကို စတင်တည်ထောင်ခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ ဘက်ခမ်းရဲ့ကလပ်ဟာ ကမ္ဘာတစ်ဝန်းက ပရိသတ်သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်တဲ့ အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာရုံသာမက လိဂ်ရဲ့ အင်အားအကြီးဆုံး အသင်းတစ်သင်းပါ ဖြစ်လာခဲ့ပါပြီ။ ၂၀၂၅ ခုနှစ်မှာတော့ Eastern Conference ဖလားနဲ့ MLS Cup ဖလားတို့ကို ဆွတ်ခူးပြီး သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

1xBet ဆိုတာ ဘာလဲ သိချင်နေပြီလား။ ဖျော်ဖြေရေးစျေးကွက်မှာ ၁၉ နှစ်တာ အတွေ့အကြုံရင့်ကျက်ပြီး နာမည်ဂုဏ်သတင်း အခိုင်အမာရရှိထားတဲ့ နိုင်ငံတကာအဆင့်မီ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ လစဉ် အသုံးပြုသူ ၁၀ သန်းကျော်ရှိပြီး ငွေထုတ်ယူမှုပြဿနာ လုံးဝမရှိဘဲ စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံကောင်းတွေကို အပြည့်အဝ ပေးစွမ်းနေပါတယ်။

ကန်းအသင်း၏ ပိုင်ရှင် ဘာပေ

ရီးရဲလ်မက်ဒရစ်မှာ ဂိုးသွင်းရတာ ငြီးငွေ့လာရင်တောင် ဘာပေအတွက် ကန်း (Caen) အသင်းရဲ့ လူစာရင်းမှာ နေရာအမြဲ ရှိနေပါတယ်။ ဒီပြင်သစ်တိုက်စစ်မှူးဟာ အသင်းရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ယူရို ၁၅ သန်းနဲ့ ဝယ်ယူထားတာပါ။ လက်ရှိအချိန်အထိတော့ ဘာပေအတွက် ဒီပရောဂျက်က အဆင်မပြေသေးဘဲ ၂၀၂၄-၂၅ ရာသီအကုန်မှာ ကန်းအသင်း Ligue 2 ကနေ တန်းဆင်းခဲ့ရတာကြောင့် ယူရိုသန်းချီ ထပ်မံစိုက်ထုတ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ပြင်သစ်တတိယတန်းလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်နေရပါတယ်။

ကိုမိုအသင်း၏ ရှယ်ယာရှင်များဖြစ်ကြသည့် အွန်နရီ နှင့် ဖာဘရီဂတ်စ်

အာဆင်နယ် အသင်းဖော်ဟောင်းနှစ်ဦးဟာ မကြာသေးမီနှစ်တွေအတွင်း အီတလီဘောလုံးလောကကို လှုပ်ခတ်စေခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ကိုမို (Como) အသင်းရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားပါတယ်။ အွန်နရီက မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ကူညီပေးနေပြီး ဖာဘရီဂတ်စ်ကတော့ နည်းပြချုပ်အဖြစ် အသင်းရဲ့ အောင်မြင်မှုတွေကို ဖန်တီးပုံဖော်ပေးနေပါတယ်။

ပေါ်တူဂီကလပ်တွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည့် ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း ၄ ဦး

သောမတ်စ်မူလာ၊ မတ်စ်ဟမ်းမဲလ်စ်၊ ယန်းဆမ်းမား နဲ့ လူကပ်စ်ဟာနန်ဒက်စ်တို့ဟာ ပူးပေါင်းပြီး Estrela da Amadora အသင်းရဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာခဲ့ပါတယ်။ ကွင်းတွင်းမှာလိုပဲ စီးပွားရေးနယ်ပယ်မှာပါ အချိတ်အဆက်မိမိ စွမ်းဆောင်နိုင်မယ်ဆိုရင် ဒီ Primeira Liga ကလပ်အသင်းဟာ အောင်မြင်မှုကြီး ရရှိလာမှာ သေချာပါတယ်။

ကော်နဲလ်လာအသင်းကို ပိုင်ဆိုင်ထားပြီး အယ်လ်ဒန်စီအသင်းကိုပါ ဝယ်ယူရန် သဘောတူထားသည့် မက်ဆီ

ယခုနှစ် ဧပြီလမှာ ဘာလွန်းဒီအော ၈ ကြိမ်ဆုရှင် မက်ဆီဟာ စပိန်ပဉ္စမတန်းကလပ် Cornellà အသင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ စပိန်ဒုတိယတန်းကလပ် Eldense ကို ဝယ်ယူဖို့ မကြာသေးမီက မူအားဖြင့် သဘောတူညီမှု ရယူခဲ့ပါတယ်။ တရားဝင် မပြီးပြတ်သေးပေမယ့် မက်ဆီရဲ့ ရှေ့နေတွေဘက်က လုပ်ထုံးလုပ်နည်း အနည်းငယ်သာ ဆောင်ရွက်ဖို့ ကျန်ပါတော့တယ်။

အသင်းဟောင်း၏ ပူးတွဲပိုင်ရှင် ဖြစ်လာသည့် ကားလို့စ်ဗီလာ

မက္ကဆီကိုတိုက်စစ်မှူး ဗီလာဟာ Los Angeles FC ကို စတင်တည်ထောင်ရာမှာ ပါဝင်ခဲ့သလို အသင်းနဲ့ ပထမဆုံး စာချုပ်ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။ ယခုနှစ် မတ်လမှာတော့ ကလပ်ရဲ့ ပူးတွဲပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့ပြီး အခန်းကဏ္ဍသစ်တစ်ခုနဲ့ LAFC သမိုင်းကို ဆက်လက်ရေးထိုးသွားတော့မှာ ဖြစ်ပါတယ်။

ဘူးရ်ဂျက်စ်အသင်း၏ အဓိကရှယ်ယာရှင် ဖြစ်လာသည့် မာနေး

ဆီနီဂေါကြယ်ပွင့် မာနေးဟာ ပရဟိတလုပ်ငန်းတွေကြောင့် လူသိများသလို စီးပွားရေးမှာလည်း လက်မနှေးသူပါ။ ၂၀၂၃ ခုနှစ်မှာ ပြင်သစ်ကလပ် Bourges ရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး ၂၀၃၀ ပြည့်နှစ်အရောက်မှာ Ligue 2 သို့ တက်လှမ်းနိုင်ရေး ရည်မှန်းချက် ချမှတ်ထားပါတယ်။

ကလပ်စ်အော့ဖ် ၉၂ နှင့် ဆဲလ်ဖို့ဒ်

၂၀၁၄ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင် “Class of ’92” ကစားသမားတွေဟာ ဆဲလ်ဖို့ဒ်စီးတီးအသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာ စခိုးလ်၊ ဂစ်ဂ်၊ ဘတ် နဲ့ ဖီးလ်နဗီးလ်တို့က ရှယ်ယာတွေ ပြန်လည်ရောင်းချခဲ့ပေမယ့် အသင်းမှာ တာဝန်တွေ ဆက်လက်ယူထားကြဆဲပါ။ လက်ရှိမှာတော့ ဂယ်ရီနဗီးလ်နဲ့ ဘက်ခမ်းတို့ ပူးပေါင်းပြီး အသင်းကို ဦးဆောင်နေပါတယ်။ ၂၀၁၉ ခုနှစ်အထိ အင်္ဂလန်အဋ္ဌမတန်းကနေ စတုတ္ထတန်းအထိ လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ League Two ထက် ပိုပြီး မတက်လှမ်းနိုင်တော့ဘဲ ရပ်တန့်နေခဲ့ပါတယ်။

ပရောဂျက် ၃ ခုတွင် ရင်းနှီးမြှုပ်နှံထားသည့် ကော်တိုအာ

ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုအာဟာ စပိန်ကလပ် Extremadura ရဲ့ ပူးတွဲပိုင်ရှင်နဲ့ ပြင်သစ်ကလပ် Le Mans ရဲ့ ရှယ်ယာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကို မွေးထုတ်ပေးခဲ့တဲ့ မွေးရပ်မြေကလပ် Genk မှာလည်း ကိုယ်ပိုင်ငွေကြေး ထည့်ဝင်ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုအားလုံးကို သူကိုယ်တိုင် တည်ထောင်ထားတဲ့ NXTPLAY ပလက်ဖောင်းကတစ်ဆင့် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဆွမ်ဆီးအသင်း၏ ပိုင်ရှင်အဖွဲ့သို့ ဝင်ရောက်လာသည့် မိုဒရစ်

အသက်အရွယ်ကို အံတုထားတဲ့ ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ဟာ ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဝေးလ်စ်ကလပ် ဆွမ်ဆီးအသင်းမှာ ၂၀၂၅ ခုနှစ်ကတည်းက ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ရှယ်ယာပမာဏ အတိအကျကို ထုတ်ဖော်မပြထားပေမယ့် မိုဒရစ်ဟာ အသင်းရဲ့ မီဒီယာမြှင့်တင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

အားကစားခန့်မှန်းချက်တွေ ပြုလုပ်ပြီး အနိုင်ရငွေတွေကို ဘယ်လိုထုတ်ရမလဲ စိတ်ပူနေပါသလား။ 1xBet မှာ ကလစ်အနည်းငယ်နှိပ်ရုံနဲ့ လွယ်ကူလျင်မြန်စွာ ငွေထုတ်ယူနိုင်ပြီး ဘဏ်ကတ်များ၊ e-wallets တွေအပြင် cryptocurrencies အထိ လူသုံးအများဆုံး ငွေပေးချေမှုစနစ်အားလုံးကို အပြည့်အဝ ပံ့ပိုးပေးထားပါတယ်။

แบ่งปันความรักของคุณ
Avatar photo

အောင် မင်းထက်

အောင်မင်းထက်သည် YangonWave သတင်းဝက်ဘ်ဆိုက်အတွက် သတင်းဆောင်းပါးများ ရေးသားသူဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ လူမှုရေး၊ စီးပွားရေး၊ နည်းပညာနှင့် နေ့စဉ်ဖြစ်ပေါ်နေသော အရေးကြီးသည့် သတင်းအကြောင်းအရာများကို အဓိကထား ရေးသားတင်ဆက်ပါသည်။ စာဖတ်သူများအတွက် တိကျရှင်းလင်းပြီး ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို ပေးအပ်ရန် ရည်ရွယ်ထားပါသည်။

Articles: 3

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်